Local News

မြေပဲဆန်များ အရောင်းအဝယ်သွက်နေ

Last Updated:

စက်တင်ဘာလတတိယပတ်တွင်မန္တလေးကုန်စည်ဒိုင်၌မြေပဲဆန်များဈေးငြိမ်ပြီးအရောင်းအဝယ်သွက်နေကြောင်းသိရသည်။

S1 လုံးဆန် တစ်ပိဿာလျှင် ယခုတစ်ပတ် ကျပ် ၇၅၀၀ မှ ၈၃၀၀၊ ယခင်တစ်ပတ် ကျပ် ၇၃၅၀မှ ၇၆၀၀၊ ယခင်လ ကျပ် ၇၇၀၀မှ ၇၈၀၀ဖြစ်သည်။ ယခင်တစ်ပတ်ထက်ကျပ် ၁၅၀မှ ၇၀၀ ခန့် ဈေးမြင့်တက်လာပြီး၊ ယခင်လထက် အနိမ့်စ ၂၀၀ကျပ် ဈေးနိမ့်လာကာ၊ အမြင့်စ ၅၀၀ကျပ်  ခန့်ဈေးမြင့်တက်လာသည်။

S1 ဆီဆန် တစ်ပိဿာလျှင်   ယခုတစ်ပတ် ကျပ် ၆၉၀၀ မှ ၇၇၀၀၊ ယခင်တစ်ပတ် ကျပ်  ၇၃၀၀ မှ ၇၅၀၀ ၊ ယခင်လ ကျပ်  ၇၀၀၀ မှ ၇၅၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် အနိမ့်စ ၄၀၀ကျပ် ဈေးနိမ့်လာပြီး၊ အမြင့်စ ၂၀၀ကျပ်ဈေးမြင့်လာကာ၊ ယခင်လထက် အနိမ့်စ ၁၀၀ကျပ် ဈေးနိမ့်ကျလာပြီး၊ အမြင့်စ ၂၀၀ကျပ် ခန့်ဈေးမြင့်တက်လာသည်။  

အနီလုံးဆန် တစ်ပိဿာလျှင်  ယခုတစ်ပတ် ကျပ်  ၇၃၀၀ မှ ၇၅၀၀ ၊ ယခင်တစ်ပတ် ကျပ်  ၇၁၀၀ မှ ၇၂၀၀ ၊ ယခင်လ ကျပ်  ၇၃၀၀ မှ ၇၄၀၀  ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် ကျပ် ၂၀၀ မှ ၃၀၀ခန့် ဈေးမြင့်တက်လာပြီး၊ ယခင်လထက် အနိမ့်စ ဈေးငြိမ်နေကာ၊ အမြင့်စ ၁၀၀ ကျပ်ခန့် ဈေးမြင့်တက်လာသည်။   

အနီဆီဆန် တစ်ပိဿာလျှင် ယခုတစ်ပတ် ကျပ် ၆၉၀၀ မှ ၇၂၀၀၊ ယခင်တစ်ပတ်ကျပ်  ၆၉၀၀မှ ၇၁၀၀၊ ယခင်လကျပ် ၆၈၀၀မှ ၇၀၀၀ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် အနိမ့်စ ဈေးငြိမ် နေပြီး၊ အမြင့်စ ၁၀၀ ကျပ်၊ ယခင်လထက် ကျပ် ၁၀၀မှ ၂၀၀ ကျပ်ခန့်ဈေးမြင့်တက်လာသည်။                                        

Category: Local News